မန္တ‌လေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်သင်းဝေ မန္တလေးခရိုင်တရားရုံးအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြား

မန္တ‌လေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်သင်းဝေသည် ယနေ့နံနက် (၉း၃၀) နာရီအချိန်တွင် မန္တလေးခရိုင်တရားရုံးသို့‌‌ရောက်ရှိပြီး ခရိုင်တရားသူကြီးများ၊ တွဲဖက်ခရိုင် တရားသူကြီးများ၊ ဒုတိယခရိုင်တရားသူကြီးများနှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားသူကြီးများ အားတွေ့ဆုံကာ  ကြန့်ကြာနေသောမှုခင်းများကို ဦးစားပေးဆောင်ရွက်ကြရန်နှင့် အမှုလက်ကျန်များ လျော့နည်းကျဆင်းစေရေးအတွက် အမှုစစ်တရားသူကြီးများက ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။