မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်မှမြို့နယ်တရားရုံးများသို့ ရှောင်တခင် ကြည့်ရှုစစ်ဆေးခြင်း

          မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးကြည်သိန်းသည် တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်သင်းဝေနှင့်အတူ ယနေ့ (၂၉-၁၂-၂၀၂၀ ) ရက်နေ့ နံနက် ပိုင်းက မန္တလေးမြို့ပေါ်ရှိ ချမ်းမြသာစည်မြို့နယ်တရားရုံးနှင့် ပြည်ကြီးတံခွန်မြို့နယ်တရားရုံး များသို့ ရှောင်တခင်သွားရောက်ကာ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

        တရားသူကြီးချုပ်က တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများ Covid – 19 ရောဂါ ကူးစက်မှုမခံရစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက် များကို အလေးထားလိုက်နာရန် လိုအပ်ကြောင်း၊ မိမိတို့ကျန်းမာနေမှသာ အမှုအခင်းများကို စစ်ဆေးစီရင်နိုင်ကြမည်ဖြစ်ကြောင်း၊ တရားရုံးသို့ လာရောက်ကြသူများအတွက်လည်း Mask တပ်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်းတို့ကို ပြုလုပ်စေရန်ဖြစ်ကြောင်း၊ Covid – 19 ကပ်ရောဂါကြောင့် ကြန့်ကြာနေရသည့် အမှုများကို ပုံမှန်ပြန်လည် စစ်ဆေးနိုင်စေရေး အတွက် မြေပြင်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ကြည့်ရှုဆင်ခြင်၍ ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ အမှုများကို စစ်ဆေးနိုင်ခြင်းမရှိပါက အမှုလက်ကျန်များ ပိုမိုများပြားလာပြီး    ဝန်နှင့်အား မမျှတမှုဖြစ်လာစေမည်ဖြစ်ကြောင်း၊ အခက်အခဲမျိုးစုံကြုံတွေ့နေရသည့် ပြည်သူများ အပေါ် မလိုလားအပ်သည့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှုများကို ရှောင်ကျဥ်ကြရမည်ဖြစ်ကြောင်း၊ အချုပ်တရားခံပါဝင်သည့် အမှုများကို စစ်ဆေးရန် အခက်အခဲရှိပါက အာမခံပေးထားသည့် အမှု များနှင့် တရားမမှုများအပေါ် အားထည့်၍ စစ်ဆေးကြရန် လိုအပ်ကြောင်း မှာကြားပါသည်။

          တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးတို့သည် တရားရုံးအချုပ်ခန်းများ ကိုလည်းကြည့်ရှုစစ်ဆေးခဲ့ပြီး ချမ်းမြသာစည်မြို့နယ်တရားရုံးအချုပ်ခန်းတွင် သစ်သားကွပ်ပျစ် ပြုလုပ်ပေးရန်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် ရုံးအဆောက်အဦ မွမ်းမံ ပြင်ဆင်ထိန်းသိမ်းရေးအတွက် အင်ဂျင်နီယာဖြင့် တွက်ချက်တင်ပြဆောင်ရွက်ရန်လည်းကောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။