မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်မှ အမရပူရမြို့နယ်တရားရုံးသို့ ရှောင်တခင် ကြည့်ရှုစစ်ဆေးခြင်း

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးကြည်သိန်းသည် တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်သင်းဝေနှင့်အတူ ယနေ့ (၆-၁-၂၀၂၁ ) ရက်နေ့ နံနက် (၉း၄၀)နာရီအချိန်က အမရပူရမြို့နယ်တရားရုံးသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးတို့သည် တရားခွင်များကို ကြည့်ရှု စစ်ဆေးခဲ့ပြီး တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများနှင့် တရားရုံးသို့လာရောက်ကြသူများ Covid – 19 ရောဂါကူးစက်မှုမခံရစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို အလေးထားလိုက်နာကြရန် ပြောကြားခဲ့ပါသည်။

တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးတို့သည် တရားရုံးအချုပ်ခန်းများ ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အမျိုးသမီးအချုပ်ခန်းတွင် သစ်သားကွပ်ပျစ် ပြုလုပ်ပေးရန် မှာကြားခဲ့ပါသည်။

ထို့နောက် တရားသူကြီးများနှင့်တွေ့ဆုံကာ တရားစီရင်ရေးလုပ်ငန်းဆိုင်ရာများ သက်သေခံပစ္စည်းစီမံခန့်ခွဲ‌ရေးဆိုင်ရာများနှင့်စပ်လျဥ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။