မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်မှ ပုသိမ်ကြီးမြို့နယ်တရားရုံးသို့ ရှောင်တခင် ကြည့်ရှုစစ်ဆေးခြင်း

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးကြည်သိန်းသည် တိုင်းဒေသကြီးတရား‌ရေးဦးစီးမှူး ဦးမြင့်စိုးနှင့်အတူ ယနေ့ (၁၉-၁-၂၀၂၁ ) ရက်နေ့ နံနက် (၉း၃၀) နာရီအချိန်က ပုသိမ်ကြီးမြို့နယ်တရားရုံးသို့ ရှောင်တခင် သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

တရားသူကြီးချုပ်နှင့် တရားရေးဦးစီးမှူးတို့သည် တရားခွင်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများနှင့် တရားရုံးသို့လာရောက်ကြသူများ Covid – 19 ရောဂါ ကူးစက်မှုမခံရစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို အလေးထားလိုက်နာကြရန် မှာကြားခဲ့ပါသည်။ ပုသိမ်ကြီးမြို့နယ်တရားရုံး ရုံးသစ်ဆောက်လုပ်ရန် လျာထားသည့်မြေနေရာသို့လည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။