မန္တ‌လေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်သင်းဝေမှ ချမ်းမြသာစည်မြို့နယ် တရားရုံးသို့ ရုံးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်း

မန္တ‌လေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်သင်းဝေသည် ၂၃-၁-၂၀၂၁ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်တရားရုံးသို့ သွားရောက်၍ မြို့နယ်တရားသူကြီး၊ တွဲဖက်မြို့နယ်တရားသူကြီး၊ ဒုတိယမြို့နယ်တရားသူကြီးများနှင့် တွေ့ဆုံ၍ စစ်ဆေးဆဲအမှုများအားစစ်ဆေးခြင်း၊ ကြန့်ကြာနေသောအမှုများကို ဦးစားပေးဆောင်ရွက်ကြရန်၊ အမှုလက်ကျန်များ လျော့နည်းကျဆင်းရေးအတွက် အမှုစစ်တရားသူကြီးများမှ ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားပြီး ပြီးပြတ်သောအမှုများတွင် စီရင်ချက်များ ပြည့်စုံခြင်း ရှိ-မရှိ စစ်ဆေးခဲ့သည်။

တရားသူကြီးများနှင့် ရုံးဝန်ထမ်းများအား တွေ့ဆုံ၍ ရုံးလုပ်ငန်းများကို ဥပဒေနှင့်အညီ နည်းလမ်း တကျဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လုပ်ကိုင်ဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။