တရားလွှတ်တော်

တရားသူကြီး ဦးစောမျိုးမျိုး

တရားသူကြီးဦးစောမျိုးမျိုးသည် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ခန့်အပ်ခံခဲ့ရပါသည်။ ဦးစောမျိုးမျိုးသည် ယခင်က မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင်  တိုင်းဒေသကြီးတရားရေးဦးစီးမှူးအဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့ပါသည်။ ဦးစောမျိုးမျိုးသည် ၁၉၆၉ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၄င်းသည် ၁၉၉၃ ခုနှစ်တွင် ဥပဒေဘွဲ့ကိုလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင်  မဟာဥပဒေဘွဲ့ကိုလည်းကောင်း ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ ဦးစောမျိုးမျိုးသည် ၁၉၉၆ ခုနှစ်တွင် တရားရေးအရာရှိအဆင့်(၄)အဖြစ် တရားရေးဌာနတွင် စတင်ဝင်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူး အဆင့်နှင့်ညီမျှသော တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးအဆင့်အထိ စုစုပေါင်းလုပ်သက် (၂၉) နှစ်ကျော် တရားရုံးအဆင့်ဆင့်တွင် တရားသူကြီး၊ တရားရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၄င်းသည် အိမ်ထောင်ရှိသူတစ်ဦး ဖြစ်ပါသည်။