မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ “(၁၆) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား” ကို ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆုတ် (၃) ရက်၊ ၁-၈-၂၀၂၆ ရက်နေ့ (စနေနေ့)၊ နံနက်(၉း၃၀) နာရီအချိန် တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပင့်ဖိတ်ထားသည့် ပုဗ္ဗါရုံ ကျောင်းတိုက်မှ ဆရာတော် သံဃာတော် (၅) ပါး ကြွရောက်တော်မူကြ ပြီး မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးအတွင်းရှိ တရားရေးအရာရှိများ နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ ဟောကြားချီးမြှင့်တော်မူသည့် တရားတော်များကို ကြည်ညိုစွာနာယူကြသည်။ ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။