တရားလွှတ်တော်

တရားသူကြီးချုပ် ဒေါ်လှမြင့်

                တရားသူကြီးချုပ်ဒေါ်လှမြင့်အား မန္တလေးတိုင်းဒေသကြီး   တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ်၂၀၂၅ခုနှစ်၊စက်တင်ဘာလ (၁၂)ရက် နေ့တွင်ခန့်အပ်ခဲ့ပါသည်။ တရားသူကြီးချုပ်ဒေါ်လှမြင့်သည် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ခန့်အပ်ခံခဲ့ရပါသည်။ ဒေါ်လှမြင့်သည် ယခင်က ဒုတိယညွှန်ကြားရေးမှူးအဖြစ် ပြည်ထောင်စုတရား  လွှတ်တော်ချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်လှမြင့်ကို ၁၉၆၃ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၄င်းသည် ၁၉၈၅ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ ဒေါ်လှမြင့်သည် ၁၉၈၇ခုနှစ်တွင် တရားရေးအရာရှိအဆင့် (၄)အဖြစ် တရားရေးဌာနတွင် စတင်ဝင်ရောက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးအဆင့်ထိ စုစုပေါင်းလုပ်သက် (၃၂)နှစ်ကျော် တရားရုံးအဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်လှမြင့်သည် အိမ်ထောင်မရှိသူတစ်ဦးဖြစ်ပါသည်။