သတင်းများ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုးချဲ့ဖွင့်လှစ်သည့်ခရိုင်တရားရုံးများတွင် တရားစီရင်ရေး လုပ်ငန်းများအား ၁-၉-၂၀၂၂ ရက်နေ့မှစ၍ စတင်ဆောင်ရွက်ခြင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အမိန့်ကြော်ငြာစာအမှတ် - ၅၅၂ / ၂၀၂၂ နှင့် ၅၅၃/၂၀၂၂ အရမန္တလေးတိုင်း     ဒေသကြီးအတွင်း တိုးချဲ့ဖွင့်လှစ်သည့်ခရိုင်တရားရုံးများဖြစ်သော မဟာ အောင်မြေခရိုင်တရားရုံး၊ အောင်မြေသာစံ   ခရိုင်တရားရုံး၊ အမရပူရခရိုင်တရားရုံး၊ သပိတ်ကျင်း ခရိုင်တရားရုံး၊ တံတားဦးခရိုင်တရားရုံး၊ ဥတ္တရခရိုင်တရားရုံး၊ ဇေယျာသီရိခရိုင်တရားရုံး၊ပျဉ်းမနားခရိုင်တရားရုံးနှင့်လယ်ဝေးခရိုင်တရားရုံးတို့တွင်တရားရုံးဆိုင်းဘုတ်များအား ၂၈-၈-၂၀၂၂ရက်နေ့ က  စိုက်ထူဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး၊ အဆိုပါခရိုင်တရားရုံးများ၌ တရားစီရင်ရေးလုပ်ငန်းများအား၁-၉-၂၀၂၂ရက်နေ့မှစတင်၍ဆောင်ရွက်နေပြီဖြစ်ပါသည်။