သတင်းများ

သီတင်းကျွတ်ကာလဂါရဝပြုကန်တော့ပွဲနှင့် ‌ထောက်ပံ့‌ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်
Post Image

မန္တလေး၊ အောက်တိုဘာ ၂၃

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် နှင့် တရားလွှတ်တော်တရားသူကြီး များ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့ကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်နှင့် အထူးတရားရုံးများရှိ တရားရေးအရာရှိများနှင့် ဝန်ထမ်းများက သီတင်းကျွတ်ကာလဂါရဝပြု ကန်တော့သည့် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့၊ ညနေ ၄:၀၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ တက်ရောက်၍  ဂါရဝပြုကန်တော့ခံခဲ့ကြပါသည်။

    ထို့နောက် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် နှင့် တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က သီတင်းကျွတ်ကာလဂါရဝပြုခြင်း အတွက် မင်္ဂလာသြဝါဒစကားများ ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က  တရားရေးအရာရှိများ နှင့် ဝန်ထမ်းများ စုစုပေါင်း (၁၀၄) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၅၀,၀၀ဝိ/-) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ  ကျပ် (၅၂,၀၀၀,၀၀ဝိ/-) ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။