ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးအားအမှူးထား၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ တရားရေးမိသားစုများ၏ “(၁၆) ကြိမ်မြောက် ကထိန်အလှူတော်အခမ်းအနား” ကို ၁၃၈၈ ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း (၁၂) ရက် (၂၁-၁၁-၂၀၂၆) စနေနေ့ နံနက်(၉:၃၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး နှင့် မန္တလေးတိုင်းဒေသကြီးတရား လွှတ်တော်မှ တရားရေးအရာရှိများနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ တက်ရောက်ကြသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ ဟောကြားချီးမြှင့်တော်မူသည့် တရားတော်များကို ကြည်ညိုစွာနာယူကြသည်။ ထို့နောက် ကြွရောက်လာကြသည့် ပုဗ္ဗါရုံကျောင်းတိုက်မှ ဆရာတော် သံဃာတော် (၅) ပါးကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် နှင့် တရားလွှတ်တော်တရားသူကြီးများက ကထိန်လျာသင်္ကန်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။

