သတင်းများ

မှုခင်းလက်ကျန်လျော့နည်းကျဆင်းရေးအစည်းအဝေး နှင့် ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနား ကျင်းပပြုလုပ်
Post Image

မန္တလေး၊ အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးအတွင်းရှိ တရားရုံးအဆင့်ဆင့်မှ တရားသူကြီးများ၏ မှုခင်းလက်ကျန်လျော့နည်းကျဆင်းရေးအစည်းအ‌ဝေးကို Hybrid (InPerson & Online) စနစ်ဖြင့်  မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ (၃၁-၁၀-၂၀၂၆) ရက်နေ့၊ နံနက် (၉း၀၀) အချိန်တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မိတ္ထီလာခရိုင်၊ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်နှင့် သပိတ်ကျင်းခရိုင်တရားရုံးတို့မှ တရားသူကြီးများ၊ ယင်းခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများမှ တရားသူကြီးများအားလုံး၊ ကလေးသူငယ်တရားရုံး(မန္တလေး)၊ စည်ပင်သာယာတရားရုံး (မန္တလေး) တို့မှ တရားသူကြီးတို့သည် In Person ဖြင့် လည်းကောင်း၊  ကျန်ခရိုင်နှင့်ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများ၊ မလှိုင်မြို့နယ်တရားရုံးနှင့် ငါးဇွန်မြို့နယ်တရားရုံးမှ တရားသူကြီးတို့သည်  Video Conferencing စနစ်ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် “အရာထမ်းငယ်သင်တန်း၊ အမှတ်စဉ် (၁၃၆)” တွင် “သင်တန်းသူစံပြဆု” ရရှိသူ မဟာအောင်မြေမြို့နယ်တရားရုံးမှ ဒုတိယမြို့နယ်တရားသူကြီး ဒေါ်မေမီမျိုးအောင် (တ/၄၂၅၅) နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် “စာရေးဝန်ထမ်းသင်တန်း၊ အမှတ်စဉ် (၁၁၆)” တွင် “စစ်ရေးပြထူးချွန်ဆု” ရရှိသူ အောင်မြေသာစံမြို့နယ်တရားရုံးမှ အငယ်တန်းစာရေး ဦးသီဟအောင်ထက် တို့အား မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်မှ ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပါသည်။