တရားသူကြီး ဦးသန်းထွန်းအောင်သည် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၉ရက်နေ့တွင် ခန့်အပ်ခံခဲ့ရပါသည်။ ဦးသန်းထွန်းအောင်သည် ယခင်က ညွှန်ကြားရေးမှူးအဆင့်နှင့် ညီမျှသော တိုင်းဒေသကြီး တရားရေးဦးစီးမှူးအဖြစ် ၂၀၂၁ ခုနှစ်တွင် ခန့်အပ်ခံခဲ့ရပါသည်။ ဦးသန်းထွန်းအောင်ကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၄င်းသည် ၁၉၈၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ ပါသည်။ ဦးသန်းထွန်းအောင်သည် ၁၉၈၇ ခုနှစ်တွင် တရားရေးအရာရှိအဆင့် (၄)အဖြစ် တရားရေးဌာနတွင် စတင်ဝင်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးအဆင့်နှင့်ညီမျှသော တိုင်းဒေသကြီး တရားရေးဦးစီးမှူးအဆင့်အထိ စုစုပေါင်းလုပ်သက် (၃၆)နှစ်ကျော် တရားရုံးအဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ဦးသန်းထွန်းအောင်သည် အိမ်ထောင်ရှိသူ တစ်ဦး ဖြစ်ပါသည်။