မန္တလေး ဇွန် ၁၂
အစိုးရသစ်လက်ထက် ပထမရက်(၁၀၀)ကာလအတွင်း ဆောင်ရွက်ချက်အနေဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)၊ စတုတ္ထနှစ်မဟာဗျူဟာ ပ်ငန်းအစီအစဉ်(၂၀၂၆)၊ မဟာဗျူဟာအစီအစဉ် ၅ . ၃ . ၁ အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်း ရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရည်ရွယ်၍ ‘ တရားရုံးကဦးဆောင်သော စေ့စပ် ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးဟောပြောပွဲ ’ ကို ဇွန်လ ၁၂ ရက် နံနက် ၁၀နာရီက မန္တလေးမြို့၊ မန္တလေးပညာရေးဒီဂရီကောလိပ်၊ ပညာတန်ဆောင်ခန်းမတွင် ကျင်းပသည်။
အဆိုပါဟောပြောပွဲသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်တင်သန်းနှင့် တရားရေးအရာရှိများ၊ မန္တလေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခများနှင့် ဆရာ/ဆရာမများ၊ သင်တန်းတက်ရောက်နေကြသော ဆရာ/ဆရာမများ စုစုပေါင်း ( ၁၀၂၀ )ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။