သတင်းများ

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ Microsoft Office Word အသုံးပြုနည်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်
Post Image

မန္တလေး ဇွန် ၁၂

       မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ Microsoft Office Word အသုံးပြုနည်း သင်တန်းဆင်းပွဲအခမ်းအနားကို ၁၂-၆-၂၀၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်တင်သန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား/ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

     အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ နှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကို (၁-၆-၂၀၂၆) ရက်နေ့ မှ (၁၂-၆-၂၀၂၆) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပါသည်။