မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မိသားစုဝင်များ၏ သီတင်းကျွတ်ကာလ ဂါရဝပြုကန်တော့ပွဲ အခမ်းအနားကို ယနေ့ နေ့လည် ၁၃း၀၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မန္တလေး တိုင်း ဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့ တက်ရောက်၍ ဂါရဝပြုကန်တော့ခံခဲ့ကြပါသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချူပ်က ဝါကျွတ်ကာလ ဂါရဝပြုခြင်း အတွက် မင်္ဂလာသြဝါဒစကားများ ပြောကြားခဲ့ပြီး ဝန်ထမ်းမိသားစုများအား သီတင်းကျွတ် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။