သတင်းများ

သင်္ကြန်ကာလဂါရဝပြုကန်တော့ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း
Post Image

            မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့ကို မန္တလေးတိုင်းဒေသကြီး တရား လွှတ်တော်ရှိ တရားရေးအရာရှိများနှင့် ဝန်ထမ်းများက မြန်မာနှစ်သစ်ကူး အချိန်အခါ သမယ၌ ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ၁၃၈၃ ခုနှစ် ၊ တန်ခူးလဆန်း (၇) ရက် ၊ ၂၀၂၂ ခုနှစ် ၊ ဧပြီ လ (၇) ရက် ၊ ညနေ ၁၅:၃၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် တရားရေးအရာရှိများ နှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ် (၁၉၇၀၀၀၀) ပေးအပ် ချီးမြင့်ခဲ့ပါသည်။