ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး အား အမှူးထား၍ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးအတွင်း ရှိ တရားရေးမိသားစုများ၏ “(၁၂)ကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား” ကို ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁၁)ရက် ၊၂၃-၇-၂၀၂၂ ရက်နေ့(စနေနေ့) နံနက်(၁၀)နာရီအချိန် တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုုပ်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ရှိအရာရှိများနှင့်ဝန်ထမ်းများ၊ မန္တလေးခရိုင်တရားရုံးနှင့် ခရိုင်အတွင်းရှိတရားသူကြီးများ တက်ရောက်၍ သံဃာတော်(၅)ပါးအား ဝါဆိုသင်္ကန်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။


