ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် လမ်းညွှန်မှာကြား ချက်များအား မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က (၂၇-၈-၂၀၂၂)ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်အတွင်းရှိတရားရုံးများ၊ ညောင်ဦးခရိုင်အတွင်းရှိ တရားရုံးများ၊ ဒက္ခိဏခရိုင်အတွင်းရှိတရားရုံးများနှင့်မိုးကုတ်မြို့နယ်တရားရုံးတို့မှ တရားသူကြီးများနှင့်တရားရေးအရာရှိများအား(Video Conferencing)ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရှိ တရားရေးအရာရှိများ၊ ကျန်ခရိုင်အတွင်းရှိ တရားသူကြီးများနှင့်တရားရေးအရာရှိများ၊အထူးတရားရုံးများရှိ တရားသူကြီးများအား မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမတွင် လည်းကောင်း ထပ်ဆင့်ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပါ သည်။