ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး အား အမှူးထား၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ တရားရေး မိသားစုများ၏ “(၁၂) ကြိမ်မြောက် ကထိန်အလှူတော်မင်္ဂလာအခမ်းအနား” ကို ၁၃၈၄ ခုနှစ် ၊ သီတင်းကျွတ်လပြည့်ကျော် (၇) ရက် ၊ ၁၆-၁၀-၂၀၂၂ ရက်နေ့ (တနင်္ဂနွေနေ့) နံနက်(၉:၃၀) နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် နှင့် တရားလွှတ်တော်တရားသူကြီး များ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး နှင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ တက်ရောက်၍ သံဃာတော်(၅)ပါးအား ကထိန်သင်္ကန်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။