သတင်းများ

(၂၄) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကျင်းပပြုလုပ်
Post Image

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ ကိုယ်ပိုင်   အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း        အစည်းအဝေး လမ်းညွှန်မှာကြားချက်များအား မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ချုပ်နှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က (၄-၃-၂၀၂၃)ရက်နေ့ နံနက်(၉:၀၀) အချိန်တွင်             ထပ်ဆင့် ရှင်းလင်းခဲ့ရာ     မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်၊ သပိတ်ကျင်းခရိုင်၊ ဥတ္တရခရိုင်၊ ပျဉ်းမနားခရိုင်၊ လယ်ဝေးခရိုင်၊ ဇေယျာသီရိခရိုင်နှင့် ၄င်းခရိုင်အတွင်းရှိမြို့နယ်တရားရုံးတို့မှ    တရားသူကြီးများနှင့်      တရားရေးအရာရှိများက Virtual Online ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရှိ တရားရေးအရာရှိများ၊   ကျန်ခရိုင်အတွင်းရှိ   တရားသူကြီးများနှင့်တရားရေးအရာရှိများ၊အထူးတရားရုံးများရှိ တရားသူကြီးများက  မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်    အစည်းအဝေးခန်းမတွင် လည်းကောင်း   တက်ရောက်ခဲ့ကြပါသည်။