မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများနှင့် တရားရေးအရာရှိများ၊ ဝန်ထမ်းများ၏ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ အခမ်းအနားကို ၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ရက်၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၇)ရက် ညနေ ၁၅:၀၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။