မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားသူကြီးများ တရားရေးအရာရှိများ၊ ဝန်ထမ်းများက ၂၂-၄-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၌ သံဃာတော်များ ပင့်ဖိတ်ပြီး ကွယ်လွန်သွားသော ဒုတိယညွှန်ကြားရေးမှူး ဒေါ်လေးကြည်အား ရည်စူး၍ ကောင်းမှုကုသိုလ် ပြုလုပ်လှူဒါန်းခြင်း၊ ပရိတ်တရားနာကြားခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။