သတင်းများ

မီဒီယာဆက်ဆံရေးကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် ၁/၂၀၂၃ ကျင်းပပြုလုပ်
Post Image

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ မီဒီယာဆက်ဆံရေးကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ၁/၂၀၂၃ ကို ( ၂၀-၅-၂၀၂၃ ) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် မန္တလေးတိုင်း ဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး တရားရေးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက် ခရိုင်အဆင့်သင်တန်းဆရာများက သင်တန်းသား/သင်တန်းသူ (၄၈) ဦးအား သက်ဆိုင်ရာဘာသာရပ်အလိုက် ပို့ချ၍ လက်တွေ့သုံးသပ်ချက်၊ လုပ်ဆောင်ရွက်များ ဆောင်ရွက်ခဲ့ပြီး ညနေ (၄း၀၀) နာရီတွင် သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။