သတင်းများ

ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်
Post Image

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရှိ အရာထမ်း/အမှုထမ်းများ၏ မူလတန်း၊အလယ်တန်း၊ အထက်တန်းအဆင့်အသီးသီးတွင် ပညာသင်ကြားနေကြသော သား/သမီးများအား ပညာသင် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၈ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌    ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ဝန်ထမ်းများ နှင့် ကျောင်းသားကျောင်းသူများ  တက်ရောက်ရာ မန္တ‌လေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေက အဖွင့်အမှာစကား   ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တရားသူကြီးချုပ်က အထက်တန်းအဆင့် ကျောင်းသား (၁) ဦးလျှင် ငွေကျပ် (၃၀၀၀၀ိ/-) နှုန်းဖြင့် ကျောင်းသား (၁၀) ဦးအတွက် (၃၀၀၀၀၀ိ/-) ကျပ်ကိုလည်းကောင်း၊ အလယ်တန်းအဆင့်   ကျောင်းသား (၁) ဦးလျှင် ငွေကျပ် (၂၀၀၀၀ိ/-) နှုန်းဖြင့် ကျောင်းသား (၁၃) ဦးအတွက် (၂၆၀၀၀၀ိ/-) ကျပ်ကိုလည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား (၁) ဦးလျှင် ငွေကျပ် (၂၀၀၀၀ိ/-) နှုန်းဖြင့် ကျောင်းသား (၂၁) ဦးအတွက် (၄၂၀၀၀၀ိ/-) ကျပ်ကို  လည်းကောင်း၊ စုစုပေါင်း ကျောင်းသား (၄၄) ဦးအတွက် (၉၈၀၀၀၀ိ/-) ကျပ်တိတိကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။