မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ “(၁၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား” ကို ၁၃၈၅ ခုနှစ် ၊ ဒုတိယဝါဆိုလပြည့်ကျော်(၁၂)ရက် ၊ ၁၃-၈-၂၀၂၃ရက်နေ့ (တနင်္ဂနွေနေ့) နံနက်(၉း၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပင့်ဖိတ်ထားသည့် ပုဗ္ဗါရုံကျောင်းတိုက်မှ ဆရာတော် သံဃာတော်(၅)ပါး ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရား ရေးဦးစီးမှူး၊ တိုင်းဒေသကြီးအတွင်းရှိ တရားရေးအရာရှိများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
အစီအစဉ်အရ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ ဟောကြားချီးမြှင့်တော်မူသည့် တရားတော်များကို ကြည်ညိုစွာ နာယူကြသည်။ ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။