ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၅)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များအား မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က (၃-၉-၂၀၂၃)ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ထပ်ဆင့်ရှင်းလင်းခဲ့ရာ သပိတ်ကျင်းခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦး ခရိုင်၊ ရမည်းသင်းခရိုင်၊ ဥတ္တရခရိုင်၊ ပျဉ်းမနားခရိုင်၊ လယ်ဝေးခရိုင်၊ ဇေယျာသီရိခရိုင်နှင့် ၄င်းခရိုင် အတွင်းရှိမြို့နယ်တရားရုံးတို့မှ တရားသူကြီးများနှင့် တရားရေးအရာရှိများက Virtual Onlineဖြင့် လည်းကောင်း၊မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရှိတရားရေးအရာရှိများ၊ ကျန်ခရိုင်အတွင်းရှိ တရားသူကြီးများနှင့်တရားရေးအရာရှိများ၊ အထူးတရားရုံးများရှိတရားသူကြီးများက မန္တလေးတိုင်း ဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမတွင်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။
