သတင်းများ

၂၀၂၃ ခုနှစ်၊တရားရေးဝန်ထမ်းအဆင့်(၄) (ဒုတိယမြို့နယ်တရားသူကြီးအဆင့်)ရာထူးနေရာရွေးချယ်ခန့်ထားရေး မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်(အထက်မြန်မာပြည်)စာစစ်ဌာန ရေးဖြေစာမေးပွဲ ကျင်းပပြုလုပ်
Post Image

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ကြော်ငြာစာအမှတ် ၁/၂၀၂၃ ညွှန်ကြားချက်နှင့်အညီ ၂၀၂၃ ခုနှစ်၊ တရားရေးဝန်ထမ်းအဆင့်(၄) ၊(ဒုတိယမြို့နယ်တရားသူကြီးအဆင့်) ရာထူးနေရာရွေးချယ်ခန့်ထားရေး အတွက်  မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် (အထက်မြန်မာပြည်) စာစစ်ဌာန၏ ရေးဖြေစာမေးပွဲ ပထမနေ့ကို ၂၃-၉-၂၀၂၃ ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၆လမ်း၊ ၃၂ (အေ) လမ်းနှင့် ‌ရေနီမြောင်းလမ်းကြားရှိ မန္တလေးပညာရေးဒီကရီကောလိပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တရားလွှတ်တော်တရားသူကြီးများ ဖြစ်ကြသော ဒေါ်ခင်စန်းမြင့်၊ ဒေါ်ကြည်ကြည်စိန်း ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးသန်းထွန်းအောင် နှင့် စာမေးပွဲ ကျင်းပရေးကော်မတီအဖွဲ့ဝင်များက ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုများကို လှည့်လည်စစ်ဆေး ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ရေးဖြေစာမေးပွဲ ပထမနေ့တွင် လာရောက်ဖြေဆိုသူ စုစုပေါင်း (၂၅၉) ဦးရှိခဲ့ပါသည်။