၂၀၂၃ ခုနှစ်၊ တရားရေးဝန်ထမ်းအဆင့်(၄) ၊(ဒုတိယမြို့နယ်တရားသူကြီးအဆင့်) ရာထူးနေရာ ရွေးချယ်ခန့်ထားရေးအတွက် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် (အထက်မြန်မာပြည်) စာစစ်ဌာန ၏ ရေးဖြေစာမေးပွဲ ဒုတိယနေ့ကို ၂၄-၉-၂၀၂၃ ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၆လမ်း၊ ၃၂(အေ)လမ်းနှင့် ရေနီမြောင်းလမ်းကြားရှိ မန္တလေးပညာရေးဒီကရီကောလိပ်၌ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာမန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တရားလွှတ်တော်တရားသူကြီးများ ဖြစ်ကြသော ဒေါ်လှမြင့်၊ဒေါ်ခင်သစ်ဆွေ ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးသန်းထွန်းအောင် နှင့် စာမေးပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များက ရေးဖြေစာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်စစ်ဆေးကြည့်ရှုခဲ့ပါသည်။ ရေးဖြေစာမေးပွဲဒုတိယနေ့တွင် လာရောက်ဖြေဆိုသူ စုစုပေါင်း (၂၅၈) ဦးရှိခဲ့ပါသည်။