သတင်းများ

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ထုံးဘို(၁)ကုန်ထုတ်စခန်း၊ ထုံးဘို(၂)ကုန်ထုတ်စခန်း၊ အမျိုးသမီးကုန်ထုတ်စခန်းအား ကြည့်ရှုစစ်ဆေး
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

မန္တ‌လေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြည်သိန်းသည် မန္တ‌လေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး          ဒေါ်ခင်သင်းဝေ၊ ရုံးအဖွဲ့မှူး ဒေါ်ဖြူပြာအေး၊ မန္တလေးခရိုင်တရားသူကြီး ဦးသန်းထွန်းအောင်နှင့် သိမ်ကြီးမြို့နယ်တရားသူကြီး ဒေါ်သူဇာဦးတို့  လိုက်ပါလျက် ယနေ့နံနက် (၈း၃၀)နာရီတွင် ထုံးဘို(၁)ကုန်ထုတ်စခန်း၊ ထုံးဘို(၂)ကုန်ထုတ်စခန်း၊ ထုံးဘိုအမျိုးသမီးကုန်ထုတ်စခန်းများသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ အကျဥ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးနှင့် ထုံးဘို(၁)ကုန်ထုတ်စခန်း တာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဇော်တို့က ကုန်ထုတ်စခန်းများ၏ အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် အဖွဲ့သည် အကျဥ်းဦးစီး ဌာန ညွှန်ကြားရေးမှူးဦးကျော်စိုး၊ ကုန်ထုတ်စခန်း တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်ဇော်နှင့်အတူ အကျဥ်းသားများ နေရာထိုင်ခင်းသက်သာချောင်ချိမှု ရှိ-မရှိ၊ သန့်ရှင်းမှု ရှိ-မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိ-မရှိ၊ ကျန်းမာရေး ပြည့်စုံမှု ရှိ-မရှိ၊ မကျန်းမာပါက ဆေးကုသရန် အခွင့်အရေး ရှိ-မရှိ၊ အမျိုးသမီး အကျဥ်းသားများအား လုံခြုံစွာထားခြင်း ရှိ-မရှိ၊ အကျဥ်းသားများအား နှိပ်စက်ညှင်းပန်းမှု ရှိ-မရှိ၊ စားဖိုဆောင်နှင့် Covid ကာလတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ-မရှိ တို့နှင့်စပ်လျဥ်း၍ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့ပြင် ပြစ်ဒဏ်ကျ အကျဥ်းသူ/အကျဥ်းသားများအပေါ် ဥပဒေနှင့်မညီဘဲ ပြုမူဆောင်ရွက် ခံရမှုများ ရှိ-မရှိ စသည်တို့ကို စစ်ဆေးမေးမြန်းပြီး     အကျဥ်းဦးစီး ဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်သည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ