သတင်းများ

သီတင်းကျွတ်ကာလဂါရဝပြုကန်တော့ပွဲအခမ်းအနားကျင်းပပြုလုပ်
Post Image

          မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မိသားစုဝင်များ၏ သီတင်းကျွတ်ကာလ ဂါရဝပြုကန်တော့ပွဲအခမ်းအနားကို ယနေ့နေ့လည် ၃:၃၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊အစည်းအဝေးခန်းမ၌    ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့်တရားလွှတ်တော်တရားသူကြီးများ တက်ရောက်၍  ဂါရဝပြု ကန်တော့ခံခဲ့ကြပါသည်။

           ထို့နောက် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ဝါကျွတ်ကာလဂါရဝပြုခြင်းအတွက် မင်္ဂလာသြဝါဒစကားများ ပြောကြားခဲ့ပြီး ဝန်ထမ်းမိသားစုများအား သီတင်းကျွတ် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။