သတင်းများ

“(၁၃) ကြိမ်မြောက် ကထိန်အလှူတော်အခမ်းအနား” ကျင်းပပြုလုပ်
Post Image

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး အားအမှူးထား၍ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ တရားရေးမိသားစုများ၏ “(၁၃) ကြိမ်မြောက် ကထိန်အလှူတော်အခမ်းအနား” ကို ၁၃၈၅ ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း (၆) ရက် ၊ ၁၈-၁၁-၂၀၂၃ ရက်နေ့ (စနေနေ့)  နံနက်(၉:၃၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး နှင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများနှင့် ဝန်ထမ်း များ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ တက်ရောက်ကြသည်။ 

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ ဟောကြားချီးမြှင့်တော်မူသည့် တရားတော်များကို ကြည်ညိုစွာနာယူ ကြသည်။ ထို့နောက် ကြွရောက်လာကြသည့် ပုဗ္ဗါရုံကျောင်းတိုက်မှ ဆရာတော်သံဃာတော်(၅)ပါး ကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်‌တော်တရားသူကြီးချုပ်နှင့်  တရားလွှတ်တော်တရားသူကြီးများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။