သတင်းများ

လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကျင်းပပြုလုပ်
Post Image

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က (၂၀-၁-၂၀၂၄) ရက်နေ့ နံနက်(၈:၃၀) အချိန်တွင် ထပ်ဆင့်ရှင်းလင်းခဲ့ရာ တရားလွှတ်တော်တရားသူကြီးများ၊ တရားလွှတ်တော်ရှိတရားရေးအရာရှိများ၊  အထူးတရားရုံးများရှိတရားသူကြီးများ၊    မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ဆည်မြို့နယ် နှင့် တံတားဦးမြို့နယ်တရားရုံးတို့မှ မြို့နယ်တရားသူကြီးများနှင့် တရားရေး  အရာရှိများက  မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ (Conference 1) တွင်   တက်ရောက်ခဲ့ပြီး ကျန်ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများနှင့် တရားရေးအရာရှိများက Virtual Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။