မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့ကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရှိ တရားရေးအရာရှိများနှင့် ဝန်ထမ်းများက မြန်မာနှစ်သစ်ကူးအချိန်အခါသမယ၌ ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ၂၀၂၄ ခုနှစ် ၊ ဧပြီလ (၈) ရက် ၊ ညနေ ၁၅:၃၀နာရီအချိန်တွင်မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က တရားရေးအရာရှိများ နှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေစုစုပေါင်း ကျပ် (၄၁၆၀၀၀၀) ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
