မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရှိ အရာထမ်း/အမှုထမ်းများ၏ မူလတန်း၊အလယ်တန်း၊ အထက်တန်းအဆင့်အသီးသီးတွင် ပညာသင်ကြားနေကြသော သား/သမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်သင်းဝေက အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
ဆက်လက်၍ တရားသူကြီးချုပ်က အထက်တန်းအဆင့် ကျောင်းသား/သူ (၁) ဦးလျှင် ငွေကျပ် (၄၀၀၀၀ိ/-) နှုန်းဖြင့် ကျောင်းသား/သူ (၁၇) ဦးအတွက် (၆၈၀၀၀၀ိ/-) ကျပ်ကိုလည်းကောင်း၊ အလယ်တန်းအဆင့် နှင့် မူလတန်းအဆင့် ကျောင်းသား/သူ (၁) ဦးလျှင် ငွေကျပ် (၃၀၀၀၀ိ/-) နှုန်းဖြင့် ကျောင်းသား/သူ (၃၀) ဦးအတွက် (၉၀၀၀၀၀ိ/-) ကျပ်ကို လည်းကောင်း၊ စုစုပေါင်း ကျောင်းသား/သူ (၄၇) ဦးအတွက် (၁၅၈၀၀၀၀ိ/-) ကျပ်တိတိကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။