သတင်းများ

(၁၄)ကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခြင်းအခမ်းအနား ကျင်းပပြုလုပ်
Post Image

    မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏  “(၁၄) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခြင်းအခမ်းအနား”  ကို   ၁၃၈၆ ခုနှစ် ၊ ဝါဆိုလပြည့်ကျော် (၁၄)ရက် ၊    ၃-၈-၂၀၂၄ ရက်နေ့(စနေနေ့)၊ နံနက်(၉း၃၀) နာရီအချိန်တွင်  မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပင့်ဖိတ်ထားသည့် ပုဗ္ဗါရုံကျောင်းတိုက်မှ ဆရာတော်သံဃာတော်(၅)ပါး ကြွ‌ရောက် တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီး အတွင်းရှိ တရားရေးအရာရှိများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

   အစီအစဉ်အရ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး  ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ ဟောကြားချီးမြှင့်တော်မူသည့် တရားတော်များကို ကြည်ညိုစွာ နာယူကြသည်။ ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။