သတင်းများ

(၂၀ )ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားအား (Virtual Meeting) ဖြင့်ကျင်းပပြုလုပ်
Post Image Post Image Post Image


ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေး ဦးစီးမှူးများ၊ ခရိုင်တရားသူကြီး / ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားသူကြီး / ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၏ 
(၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို (၂၆-၂-၂၀၂၁) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ (Virtual Meeting) ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေက ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ လမ်းညွှန်မှာကြားချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး 
ဦးသန်းထွန်းအောင်က ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ၏ မှာကြားချက်များကိုလည်းကောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

   အဆိုပါထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ ၊ 
တိုင်းဒေသကြီးအတွင်းရှိ တရားသူကြီးများနှင့် တရားရေးအရာရှိများမှ (Virtual Meeting) ဖြင့်လည်းကောင်း စုစုပေါင်း (၂၀၄) ဦး တက်ရောက်ခဲ့ပါသည်။
 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ