သတင်းများ

၂၀၂၄ ခုနှစ်၊ တရားရေးဝန်ထမ်းအဆင့်(၄) (ဒုတိယမြို့နယ်တရားသူကြီးအဆင့်)ရာထူးနေရာရွေးချယ်ခန့်ထားရေး မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်(အထက်မြန်မာပြည်) စာစစ်ဌာနရေးဖြေစာမေးပွဲ ကျင်းပပြုလုပ်
Post Image

     ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ကြော်ငြာစာအမှတ် ၁/၂၀၂၄ ညွှန်ကြားချက်နှင့်အညီ ၂၀၂၄ ခုနှစ်၊ တရားရေးဝန်ထမ်းအဆင့်(၄) ၊(ဒုတိယမြို့နယ်တရားသူကြီးအဆင့်) ရာထူးနေရာရွေးချယ်ခန့်ထားရေး      အတွက်  မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် (အထက်မြန်မာပြည်) စာစစ်ဌာန၏ ရေးဖြေစာမေးပွဲ (ပထမနေ့)ကို ၁၀-၈-၂၀၂၄ ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၆လမ်း၊ ၃၂ (အေ) လမ်းနှင့် ‌ရေနီမြောင်းလမ်းကြားရှိ မန္တလေး ပညာရေးဒီကရီကောလိပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တရားလွှတ်တော်တရားသူကြီး ဦးသန်းထွန်းအောင်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးစောမျိုးမျိုး နှင့် စာမေးပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်များ က ရေးဖြေစာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်စစ်ဆေး ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ရေးဖြေစာမေးပွဲ (ပထမနေ့)တွင် လာရောက် ဖြေဆိုသူ စုစုပေါင်း (၄၀) ဦး ရှိခဲ့ပါသည်။