၂၀၂၄ ခုနှစ်၊ တရားရေးဝန်ထမ်းအဆင့်(၄) ၊(ဒုတိယမြို့နယ်တရားသူကြီးအဆင့်) ရာထူးနေရာရွေးချယ်ခန့်ထားရေးအတွက် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်(အထက်မြန်မာပြည်)စာစစ်ဌာန၏ ရေးဖြေစာမေးပွဲ (ဒုတိယနေ့) ကို ၁၁-၈-၂၀၂၄ ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၆လမ်း၊ ၃၂(အေ)လမ်းနှင့် ရေနီမြောင်းလမ်းကြားရှိ မန္တလေး ပညာရေးဒီကရီကောလိပ်၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တရားလွှတ်တော်တရားသူကြီး ဦးသန်းထွန်းအောင်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးစောမျိုးမျိုး နှင့် စာမေးပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်များက ရေးဖြေစာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်စစ်ဆေးကြည့်ရှုခဲ့ပါသည်။ ရေးဖြေစာမေးပွဲဒုတိယနေ့တွင် လာရောက်ဖြေဆိုသူ စုစုပေါင်း (၄၀) ဦး ရှိခဲ့ပါသည်။