ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က (၂၄-၈-၂၀၂၄) ရက်နေ့ နံနက်(၈:၃၀) အချိန်တွင် ထပ်ဆင့်ရှင်းလင်းခဲ့ရာ တရားလွှတ်တော်တရားသူကြီးများ၊ တရားလွှတ်တော်ရှိတရားရေးအရာရှိများ၊ အထူးတရားရုံးများရှိတရားသူကြီးများ၊ မဟာအောင်မြေခရိုင်နှင့် မြို့နယ်တရားရုံးများ၊ အောင်မြေသာစံခရိုင်နှင့် မြို့နယ်တရားရုံးများ၊ အမရပူရခရိုင်နှင့် မြို့နယ်တရားရုံးများ၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်တရားရုံးများ၊ သပိတ်ကျင်း ခရိုင်နှင့် မြို့နယ်တရားရုံးများ၊ ကျောက်ဆည်ခရိုင်နှင့် မြို့နယ်တရားရုံးများ၊ တံတားဦး ခရိုင်နှင့်မြို့နယ်တရားရုံးများမှ တရားသူကြီးများ/ တရားရေးအရာရှိများက မန္တလေးတိုင်း ဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ (Conference 1) တွင် တက်ရောက်ခဲ့ပြီး ကျန်ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများနှင့် တရားရေးအရာရှိများက Virtual Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။