မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ မီဒီယာဆက်ဆံရေးကျွမ်းကျင်မှု သင်တန်းကို ( ၂၆-၁၀-၂၀၂၄ ) ရက်နေ့ နံနက် (၇း၃၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ခရိုင်အဆင့်သင်တန်းဆရာများက သင်တန်းသား/သင်တန်းသူ (၆၈) ဦးအား သက်ဆိုင်ရာဘာသာရပ်အလိုက် ပို့ချ၍ လက်တွေ့သုံးသပ်ချက်၊ လုပ်ဆောင်ချက်များ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးတရားရေးဦးစီးမှူးက မီဒီယာကျွမ်းကျင်မှု သင်တန်းနှင့်စပ်လျဉ်းသည့် သုံးသပ်ချက်အား ဆွေးနွေးမျှဝေခဲ့ပြီး ညနေ (၃း၃၀) နာရီတွင် သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။