သတင်းများ

ဝန်ထမ်းဆိုင်ရာအရည်အသွေးစွမ်းရည် မြှင့်တင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Post Image

    မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ ဝန်ထမ်းဆိုင်ရာအရည်အသွေးစွမ်းရည် မြှင့်တင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကို (၁၆-၁၂-၂၀၂၄) ရက်နေ့မှ (၂၀-၁၂-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၃-၁၂-၂၀၂၄ ရက်နေ့၊ ညနေ (၃:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးစောမျိုးမျိုး၊ သင်တန်းဆရာ/ ဆရာမများ၊ တရားရေးအရာရှိများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

    ဆက်လက်ပြီး သင်တန်းတွင် ပထမဆု၊ ဒုတိယဆု နှင့် တတိယဆု ရရှိသည့် သင်တန်းသား/ သင်တန်းသူများကို တိုင်းဒေသကြီးတရားလွှတ်‌တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးသန်းစိုးဦးတို့က ဆုများချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။