မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ အရည်အသွေးမြှင့်ငွေစာရင်းသင်တန်းကို (၂၅-၁-၂၀၂၅) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးစောမျိုးမျိုး က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှ ဝန်ထမ်းများ၊ မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ သပိတ်ကျင်းခရိုင်နှင့် ၎င်းခရိုင်များအတွင်းရှိ မြို့နယ်တရားရုံးများ၊ မတ္တရာမြို့နယ်တရားရုံးတို့မှ သင်တန်းသားများက မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမတွင် တက်ရောက်ခဲ့ပြီး ကျန်ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ဦးစီးအရာရှိ ဦးစိုးနိုင် က သင်တန်းဆရာအဖြစ် ပို့ချခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၀၈) ဦး တက်ရောက်ခဲ့ပါသည်။

