သတင်းများ

တရားရုံးကဦးဆောင်သော စေ့စပ်ဖြေရှင်းရေးစနစ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Post Image

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ တတိယနှစ်မဟာဗျူဟာ လုပ်ငန်းအစီအစဉ်(၂၀၂၅)၊ မဟာဗျူဟာအစီအစဉ် ၅.၃.၁ အရ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား  နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ    ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရည်ရွယ်၍   “ တရားရုံးကဦးဆောင် သောစေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ဖေဖေါ်ဝါရီလ၊ (၅)ရက်နေ့ နံက်(၁၀း၀၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ် ၊ Multi- room တွင်ပြုလုပ်ကျင်းပခဲ့ပါသည်။

          ဟောပြောပွဲတွင်      မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊   ဦးစီးအရာရှိ ဒေါ်စုသက်ငုံက “ Mediation System In the World ” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ စေ့စပ် ဖြေရှင်းရေးဌာနတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဌေးဇင်မော်မှ      “တရားရုံးက ဦးဆောင်သော စေ့စပ်ဖြေရှင်းရေးစနစ် ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးတရားရေး ဦးစီးမှူး ဦးစောမျိုးမျိုးမှ “ စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြပြီး တက်ရောက်လာသူ မန္တလေးတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ ဖြေဆိုခြင်း နှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

         

   အဆိုပါဟောပြောပွဲသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေး အရာရှိများ ၊ မန္တလေးတက္ကသိုလ် ၊ ဥပဒေပညာဌာနမှ ပါမောက္ခဒေါက်တာသီတာအောင်နှင့် ဆရာမများ၊ ဥပဒေပညာအထူးပြုကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၉၀) ဦး တက်ရောက်ခဲ့ကြပါသည်။