ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က (၂၃-၂-၂၀၂၅) ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ထပ်ဆင့်ရှင်းလင်းခဲ့ရာ တရားလွှတ်တော်တရားသူကြီးများ၊ တရားလွှတ်တော်ရှိတရားရေးအရာရှိများ၊ အထူးတရားရုံးများရှိတရားသူကြီးများ၊ မဟာအောင်မြေခရိုင်နှင့် မြို့နယ်တရားရုံးများ၊ အောင်မြေသာစံခရိုင်နှင့် မြို့နယ်တရားရုံးများ၊ အမရပူရခရိုင်နှင့် မြို့နယ်တရားရုံးများ၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်တရားရုံးများ၊ သပိတ်ကျင်းခရိုင်နှင့် မြို့နယ်တရားရုံးများ၊ ကျောက်ဆည်ခရိုင်နှင့် မြို့နယ်တရားရုံးများ၊ တံတားဦးခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ/ တရားရေးအရာရှိများက မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ (Multi Hall) တွင် တက်ရောက်ခဲ့ပြီး ကျန်ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများနှင့် တရားရေးအရာရှိများက Virtual Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။

