သတင်းများ

ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် ကြန့်ကြာမှုခင်းကျဆင်းရေးညှိနှိုင်းအစည်းအဝေးအခမ်းအနားကျင်းပ
Post Image

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် ကြန့်ကြာမှုခင်းကျဆင်းရေးညှိနှိုင်းအစည်းအဝေးအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ (၃၁-၅-၂၀၂၅) ရက်နေ့ နံနက် (၉း၀၀) အချိန်တွင် ကျင်းပခဲ့ပါသည်။

          အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်နှင့် ၄င်းခရိုင်များအတွင်းရှိ မြို့နယ်တရားရုံးများမှ တရားသူကြီးများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် “အရာထမ်းအခြေခံသင်တန်း၊ အမှတ်စဉ် (၇၀)”တွင် “သင်တန်းသားစံပြဆု” ရရှိသော မဟာအောင်မြေမြို့နယ်တရားရုံးမှ တွဲဖက်မြို့နယ်တရားသူကြီး ဦးသက်ဝေအောင် (တ/၃၄၄၃) အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ခရိုင်များနှင့်မြို့နယ်တရားရုံးများမှ တရားသူကြီးတစ်ဦးချင်းက အမှုအခြေအနေများတင်ပြခဲ့ကြရာ တိုင်းဒေသကြီးတရားရေးဦးစီးမှူးက ရှင်းလင်းဆွေးနွေးခဲ့ပြီး တရားသူကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။