မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ ကြန့်ကြာမှုခင်းကျဆင်းရေးညှိနှိုင်း အစည်းအဝေးအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ (၇-၆-၂၀၂၅) ရက်နေ့ နံနက် (၉း၀၀) အချိန်တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးဒေါ်ကြည်ကြည်စိန်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ပြင်ဦးလွင်ခရိုင်၊ မိတ္ထီလာခရိုင်၊ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်၊ သပိတ်ကျင်းခရိုင်နှင့် ၄င်းခရိုင်များအတွင်းရှိ မြို့နယ်တရားရုံး များမှ တရားသူကြီးများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်များနှင့်မြို့နယ်တရားရုံးများမှ တရားသူကြီးတစ်ဦးချင်းက အမှုအခြေအနေများတင်ပြခဲ့ကြရာ တရားလွှတ်တော်တရားသူကြီးဒေါ်ကြည်ကြည်စိန်း နှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က ရှင်းလင်းဆွေးနွေးခဲ့ပြီး တရားသူကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။