မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း နှင့် တက္ကသိုလ်အဆင့်အသီးသီးတွင် ပညာသင်ကြားနေကြသော အရာထမ်း/အမှုထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တရားသူကြီးချုပ်က တက္ကသိုလ်အဆင့် ကျောင်းသား/သူ (၁) ဦးလျှင် ငွေကျပ် (၆၀၀၀ဝိ/-) နှုန်းဖြင့် ကျောင်းသား/သူ (၄) ဦးအတွက် (၂၄၀၀၀ဝိ/-) ကျပ်ကိုလည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၁) ဦးလျှင် ငွေကျပ် (၅၀၀၀၀ိ/-) နှုန်းဖြင့် ကျောင်းသား/သူ (၁၂) ဦးအတွက် (၆၀၀၀၀၀ိ/-) ကျပ်ကိုလည်းကောင်း၊ အလယ်တန်းအဆင့် နှင့် မူလတန်းအဆင့် ကျောင်းသား/သူ (၁) ဦးလျှင် ငွေကျပ် (၄၀၀၀၀ိ/-) နှုန်းဖြင့် ကျောင်းသား/သူ (၃၃) ဦးအတွက် (၁၃၂၀၀၀၀ိ/-) ကျပ်ကိုလည်းကောင်း၊ စုစုပေါင်း ကျောင်းသား/သူ (၄၉) ဦး အတွက် (၂၁၆၀၀၀၀ိ/-) ကျပ်တိတိကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။