သတင်းများ

(၁၅) ကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
Post Image

 မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏  “(၁၅) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား”  ကို   ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁၁) ရက်၊    ၂၀-၇-၂၀၂၄ ရက်နေ့ (တနင်္ဂနွေနေ့)၊ နံနက်(၉း၃၀) နာရီအချိန်တွင်  မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပင့်ဖိတ်ထားသည့် ပုဗ္ဗါရုံကျောင်းတိုက်မှ ဆရာတော် သံဃာတော် (၅) ပါး ကြွ‌ရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးအတွင်းရှိ တရားရေးအရာရှိများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 

 အစီအစဉ်အရ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး  ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ ဟောကြားချီးမြှင့်တော်မူသည့် တရားတော်များကို ကြည်ညိုစွာ နာယူကြသည်။ ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။