သတင်းများ

(၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်
Post Image

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က (၂၄-၈-၂၀၂၅) ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ထပ်ဆင့်ရှင်းလင်းခဲ့ရာ တရားလွှတ်တော်တရားသူကြီးများ၊ တရားလွှတ်တော်ရှိတရားရေးအရာရှိများ၊  အထူးတရားရုံးများရှိတရားသူကြီးများ၊    မဟာအောင်မြေခရိုင်နှင့် မြို့နယ်တရားရုံးများ၊ အောင်မြေသာစံခရိုင်နှင့် မြို့နယ်တရားရုံးများ၊ အမရပူရခရိုင်နှင့် မြို့နယ်တရားရုံးများ၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်တရားရုံးများ၊ သပိတ်ကျင်းခရိုင် နှင့် မြို့နယ်တရားရုံးများ၊  ကျောက်ဆည်ခရိုင်နှင့် မြို့နယ်တရားရုံးများ၊  တံတားဦးခရိုင်နှင့် တံတားဦးမြို့နယ်တရားရုံးမှ တရားသူကြီးများ/ တရားရေးအရာရှိများက  မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ (Multi Hall) တွင်   တက်ရောက်ခဲ့ပြီး ကျန်ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများနှင့် တရားရေးအရာရှိများက Virtual Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။